ကျွန်တော့်စိတ်ထဲ
သူဟာ
ကျွန်တော်ပဲဖြစ်ရဲ့။
အခါးတွေမိုးရိပ်ဆင်တုန်း
ဖြူလျလျအင်္ကျီတစ်ထည်
တစ်ပိုင်းသေသွားတယ်။
နေကြာစေ့ခွံများ
ရုပ်ရှင်လက်မှတ်အပြဲများ
ကြည်စင်ခဲ့သောအနမ်းများ
အမှတ်တရများလည်း
အမှတ်တရသာဖြစ်ရဲ့။
ဖြောင့်ချက်ပေးမယ့်
ပုံရိပ်တွေကြား
ကွင်းလုံးကျွတ်သိက္ခာတရား
ထမင်းစားမှန်ဖို့
ကွင်းလုံးကျွတ်ကျေအေးလိုက်တယ်။
တကယ်တော့
လုပ်ကြံလို့မရတဲ့
ဇာတ်ကြောင်းတစ်ခုထဲ
သူဟာ
ကျွန်တော့်ကြောင့်ပဲ
သူဖြစ်ရဲ့။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment