လွင်တီးခေါင်ပြင်ထဲ
ကြယ်လေးတစ်ပွင့်
လူမသိ သူမသိကြွေတယ်။
လင်းလင်းပပ ချစ်မြတ်ခွင့်ဟာ
ဒီည နောက်ဆုံးပဲကွယ်။
ဒီနေ့ဟာ
မျက်နှာများသူတို့ရဲ့ ပြဇာတ်အသစ်ဖြစ်သလို
ငါ့ ကန့်လန့်ကာများ
အရောင်လွင့်သွားခြင်းလည်း ဖြစ်တယ်။
ကိန္နရာချောင်းခြားခန်းဖြစ်သလို
ရာဝဏ လေးတင်ခန်းလည်းဖြစ်တယ်။
နောက်ဆုံးအကြိမ်ငေးမောခွင့်နဲ့
တိတ်တဆိတ်မျက်နှာလွှဲခြင်း
ထပ်တူညီတဲ့ညလည်းဖြစ်တယ်။
နတ်ဆိုးမလေးရယ်
ပန်းသီးတစ်လုံးကြွေကျတာဟာ
နယူတန်အတွက် နာမည်ကျော်နိယာမ ဖြစ်ခဲ့ပေမယ့်
ငါ့အတွက်တော့
စွယ်တော်ရွက်များရဲ့
ခက်ခက်ခဲခဲ ရှူသွင်းရတဲ့ဝင်လေဖြစ်တယ်။
တကယ်ဆို
ချောကလက်တစ်တောင့်ရဲ့ သက်တမ်းကုန်ဆုံးခြင်းဟာ
ဂျူပီတာနတ်ဘုရားရဲ့ အမိန့်တော်လားကွယ်။
သူရဿဝါ
၂၅ - ဖေဖော်ဝါရီ - ၂၀၀၈
Image
source; Images.google.com
No comments:
Post a Comment