Wednesday, February 13, 2008

အလေအလွင့်


တောက်ပစွာလင်းလက်ဖို့
မွတ်သိပ်ညိုရင့်စွာတောင့်တခဲ့
မပြည့်စုံသေးသောဆုတောင်းများ
ငြိမ်သက်စွာ အိပ်စက်နေတယ်။
အလွမ်းနဲ့ယက်ဖောက်တဲ့ကြိုးဟာ
အချစ်ကလွဲပြီး တခြားမဖြစ်နိုင်ဘူး။
ပိုမိုအရေးကြီးတဲ့ ချစ်ခြင်းတရားများက
ခေါင်းပေါ်ကနေ ကျော်ခွသွား
လေလွင့်နေတဲ့ စိတ်ကူးအကြွေတွေ
အမှောင်ထုထဲ ဝေဝေဝါးဝါး
ပြန်လာခွင့်မရှိခဲ့ဘူး။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment