ငါ့လမ်းငါသွားနေတာပါကွယ်
စူးနက်နက်မျက်လုံးတွေနဲ့
ငုံ့ငုံ့မကြည့်ကြပါနဲ့
တွယ်မှီခိုဆွဲလိုက်တော့ရော
လိုရာမရောက်နိုင်ဘူးတဲ့လား
သွားစမ်းပါ။
မင်းတို့ဝတ်ရုံထူထူတွေ ခွာချပစ်လိုက်
ငါ့အရေပြားလို ခပ်ညိုညိုပါပဲ
ဘုရားပေးတဲ့ ဆုလာဘ်လောက်နဲ့တော့
ငေါ့ငေါ့မော့မော့
ခြေဖျားထောက်မနေချင်စမ်းနဲ့
ရရာလက်နက်ဆွဲကိုင်
ပြိုင်ကြစတမ်းလို့ ပြောကြည့်လိုက်လေ
မင်းတို့ ငါ့လောက် လက်ပြင်ကုန်းသလား
မင်းတို့ငါ့လောက် အအိပ်မက်သလား
မင်းတို့ငါ့လောက်.. ..
မင်းတို့ငါ့လောက်.. ..
ကိုယ့်နာမည်ကိုယ် စာလုံးပေါင်းကြပါကွာ
မျက်လုံးဖွင့်ထားရတာရှက်လို့
မျက်လုံးမှိတ်ပြီး ငါနေမယ်
ငါလိုရာခရီးကိုသွားချင်လို့
ဝေးဝေးကပဲ ကဲ့ရဲ့မြည်တင်းကြပါလားကွယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment