ငါကပင်ကျရွက်ကြွေ
နွေ တစ်ကမ္ဘာထဲမှာ
သာယာနာပျော်မှုဝေးမဲ့
ယဲ့ယဲ့လေးတောင် ပြုံးကြည့်လို့မရဘူး။
ငါကမြစ်သေ
လေလွင့်မယ့်စိတ်အဟုန်နဲ့
စုန်ဆန်ရုန်းကြွ
ရွရွလေးတောင်စီးဆင်းလို့မရဘူး။
ငါကရွက်ကြွေ၊
မြစ်သေ
ဝေဒနာအစုအဝေးက
ငါ့စိတ်အနာကို တဆစ်ဆစ်တူးဆွ
(ကဗျာလည်း မရေးတတ်ပြန်တော့)
ကူးချထားတဲ့ အကြိုက်ဆုံးကဗျာတွေကိုပဲ
ဆွဲလွဲပြီး ခံစားလိုက်တော့တယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment