Wednesday, February 13, 2008

မဇ္ဈိမစိတ်ကူး


လက်နှိပ်စက်တစ်လုံးမဟုတ်တော့လည်း

အချိန်ပြည့်စာမစီနိုင်ဘူး။

စာရွက်နဲ့ဘောလ်ပင် အမြဲဆောင်တယ်။

ဒါပေမဲ့ ဖုတ်ဖက်ခါပြီး ကဗျာထမရေးတတ်ဘူး။

“ဖော်ကျူးမှုအနုပညာ”

(အာဟာရသိဒ္ဓိမမြောက်ပေမယ့်)

တကယ် ရူးသွပ်ပါတယ်။

တကယ် ဦးညွတ်ပါတယ်။

အမြင့်ဆုံးထိတက်ပြီး အလံစိုက်ဖို့မရည်ရွယ်ဘူး။

ဒီတောင်ပေါ် ဒီကောင်ရောက်ခဲ့တယ်လို့

အသိအမှတ်ပြုရင် တော်ပြီ။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment