Wednesday, February 13, 2008

အောင်မှတ်မရတဲ့ စာစီစာကုံး


(နိဒါန်း)
တစ်ခါတလေ နေပူထဲ
တစ်ခါတလေ မိုးရေထဲ
တစ်ခါတလေကျတော့လည်း
ဖုန်ထဲသဲထဲ
“အကြမ်းခံတယ်” ဆိုတဲ့ ချွေးသိပ်စကားနဲ့
မချွတ်တမ်းဝတ်ကြ။

သူကလည်း
ပိုင်ရှင်ရဲ့အလှ လူရှေ့သူရှေ့မှာကြွားဝါဖို့
မငြူမစူ အသုံးတော်ခံရှာရဲ့။

(စာကိုယ်)
ကြာလာတော့လည်း
ကြာလာတော့လည်းကွယ်။

(နိဂုံး)
ဖာထေးရာများနဲ့ အရောင်လွင့်သွားတဲ့
ဂျင်းဘောင်းဘီလေးခမျာတော့
သူ့ဘဝသူ စိတ်မနာခဲ့ရှာပါဘူး။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment