Friday, June 08, 2012

ရယ်စရာ ဂျစ်ေဆာ


ရယ်စရာ ဂျစ်ေဆာ
- သူရဿဝါ -

ေနေလာင်ပန်းကေလးြဖစ်မှာပါ
ကိုယ် သူ့ကို ြကာြကာစိုက်မြကည့်ရဲဘူး

သူ့လက်သည်းရှည်ရှည်ချွန်ချွန်ေလးေတွြကားထဲမှာ
ကိုယ်.. ေဖာက်ခနဲ ေပါက်ကွဲသွားမလားထင်ရ
သူ့ခါးကေလးဆန့်လိုက်တာနဲ့
ကိုယ်.. အေဝးြကီးအထိ လွင့်စဉ်သွားမလားထင်ရ

မိုးသည်းတယ်၊ ေလတိုက်တယ်၊
အန္တရာယ်ရှိတယ်၊ အသက်ရှူမဝဘူး၊
ခန့်မှန်းမရတဲ့ မြငိမ်မသက် ရာသီဥတု အေြခအေန၊
ရတယ်.. ဘာပဲြဖစ်ြဖစ် အဆင်ေြပတယ်
ကိုယ်ေပျာ်မှာပါ ။

တစ်ေယာက်ေပျာ်ဖို့ တစ်ေယာက်က ေပျာ်ချင်ေယာင်ေဆာင်ရတာ
ေအာင်ြဖိုးေဝ မြဖစ်ချင်တဲ့ အဆင့်ြမင့်ေဖျာ်ေြဖေရးစက်ရုပ်
ကိုယ်ကေတာ့ ြဖစ်ချင်တယ်
ဒီေကာင်က လူလည်၊
ကိုယ်ပဲ ရူးေနတာြဖစ်မယ်.. ။

ရယ်စရာေကာင်းလို့ ရယ်တယ်၊
မျက်လံုးြကည်ြကည်ေလးေတွ ေမှးသွားြပီး
နှုတ်ခမ်းေသးေသးေလးက ကျယ်လာတယ်
သွားေလးေတွ ြဖူတယ်၊ ကေလးနဲ့တူတယ်၊
ကိုယ့်ဟန်ေဆာင်မှုဟာ အလိုလိုကွာကျသွားတယ်
ကိုယ်လည်း.. ရယ်မိတယ် ။

အဲဒီကတည်းကစြပီး
ဘာရယ်မှလည်း မဟုတ်ပါပဲ
ကိုယ့်မှာ ခဏခဏ.. ေမှာင်ရီပျိုး မိုးချုပ်ရေတာ့တာ ။

ကိုယ်ဟာ ေြခလက်အဂင်္ါ ေနရာမှားေရွှ့ထားမိတဲ့
ပံုပျက်ပန်းပျက် ဂျစ်ေဆာအရုပ်ဆက် ကစားကွက် တစ်ခုြဖစ်မှာပါ
ခန္ဓာကိုယ်ေသးေသးေလးကို ယိမ်းထိုးြပီး
ရယ်စရာေကာင်းတဲ့ေကာင်ကို သူမက ရယ်တယ် ။
ခက်တာက
ကိုယ့်ကို ဘယ်တုန်းကမှ သူ ေသချာစိုက်မြကည့်ဘူး ။

၀၈ - ဇွန် - ၂၀၁၂

No comments:

Post a Comment