Thursday, July 22, 2010

ရူးချင်ယောင်ဆောင်


“ရူးချင်ယောင်ဆောင်”


ဘာဆိုဘာမှလည်းမသိချင်ဘူး
ကိုယ့်ကိုယ်ကို ဓါးသွေးကျောက်လို
စက္ကူဖြတ်တဲ့ကတ်ကြေးလို ထင်ယောင်ထင်မှား
လောကမှာ ပြောမရတာတွေ သိပ်များတယ်


ဓါတ်လိုက်သလိုဖြစ်နေတာ
ငါနဲ့ တစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဖြစ်နေတာ
ဟူး … စိတ်ဓါတ်ပဲ


ကျွန်တော်၊ ခင်ဗျား၊ မနက်ဖြန်နဲ့
ကောသလအိပ်မက် ဆယ့်ခြောက်ချက်
`ဖျတ်´ ခနဲ
လင်းသွား၊ မှောင်သွား၊ မှိတ်တုပ်မှိတ်တုပ်ဖြစ်သွား၊


ဘာဆိုဘာမှလည်း မသိချင်တော့ဘူး
ရူးချင်ယောင်ဆောင်နေ … ။             ။


သူရဿဝါ
ဇူလိုင် ၂၂ ရက် ၊ ၂၀၁၀ ခုနှစ်

No comments:

Post a Comment