Friday, November 27, 2009

ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ


“ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ”


ကျွန်တော့်ရင်ကိုလှုပ်ခါချကြည့်တော့
ကြွေကျလာတဲ့သစ်ရွက်ဟာ “မကြည်ဖြူ” ပဲ
ဘယ်လိုလုပ်ရမလဲ
မိုးတွေတိတ်သွားပြီ “မကြည်ဖြူ” ရဲ့။
“မကြည်ဖြူ” ရဲ့အသံတွေထဲ ၊ မျက်ဝန်းတွေထဲ
ကျွန်တော့်အရိပ်ကလေး ဝဲမနေတော့ဘူး
နားမလည်ချင်ပါနဲ့ “မကြည်ဖြူ” ရယ်
ကျွန်တော့်စိတ်က အံစာတုံးလိုပဲ
အပြောင်းအလဲများတယ် ၊ တန်ဖိုးအတက်အကျရှိတယ်
နှစ်ယောက်အတူကော်ဖီဆိုင်ထဲက
ကော်ဖီနှစ်ခွက်ဟာ ကျွန်တော့်စိတ်နဲ့အတူ
အေး ……စက်သွားပြီ ။
“မကြည်ဖြူ” ရဲ့ အသားရောင်အကျီ င်္နံဘေးမှာ
ကျွန်တော်ဘာကိုဝတ်ဆင်ထားရမလဲ …… အရောင်မဲ့
ပူပူလောင်လောင်နေ့လည်ခင်းနဲ့
ရေခဲမှတ်အောက်ရောက်နေတဲ့ ရုပ်ရှင်
ဘယ်စကားမှ ဘောင်မဝင်ဘူးဖြစ်နေတယ်။
ဒါလည်း ကစားပွဲတစ်ခုပါပဲ “မကြည်ဖြူ” ရယ်
ဘယ်တော့မှ နောက်တစ်ပွဲအသစ်ပြန်စလို့မရတော့တာကလွဲရင်ပေါ့ ။



သူ ရ ဿ ဝါ
ရ သ စ ာ ေ ပ အ ႏ ု ပ ည ာ ဘ ေ လ ာ ့ ဂ ္
H t t p : / / T h u R a T h a W a h . M y a n m a r b l o g g e r s . I n f o

1 comment:

  1. I'm looking forward to getting more information about this topic, don't worry about negative opinions.

    ReplyDelete