ညတစ်ညမှာ ညဖြစ်နေသူ
ညတစ်နာရီတိတိဖြစ်တယ်
တစ်နာရီတိတိဖြစ်တယ်
တစ်ချို့ကိုသံချေးခေါက်ပြီး ဆေးအသစ်ပြန်သုတ်တယ်
သံချေးခေါက်တယ်၊ ဆေးအသစ်ပြန်သုတ်တယ်
ညရောက်နေပြီထင်တယ်
ညရောက်နေတာထင်ပါတယ်
မှာယူစားသောက်ထားမိ၊ စိတ်တိုင်းကျစိတ်အာဟာရများ
စားလိုက်သောက်လိုက်ဖြင့် အာဟာရပြည့်ဝ
ညသန်းခေါင်ဖြစ်မလားမသိဘူး
သန်းခေါင်များဖြစ်နေပြီလား ……
ဖြစ်ချင်ရာဖြစ်စေ ဟုသဘောမထားပါ
ဖြစ်ချင်ရာဖြစ်အောင်မရည်ရွယ်မိပါ
နေသားတကျတော့မရှိတော့သလိုပဲ … အရင်ကလို
အရင်လို နေသားတကျမဟုတ်
သူ …… သိမှာမဟုတ်ဘူး
သူသိမယ်မထင်ဘူး

ဖြစ်ချင်ရာဖြစ်အောင်မရည်ရွယ်မိပါ နေသားတကျတော့မရှိတော့သလိုပဲ … အရင်ကလို အရင်လို နေသားတကျမဟုတ် သူ …… သိမှာမဟုတ်ဘူး သူသိမယ်မထင်ဘူး<--- လိုရင်းက ဒီစကားလုံးလေးတွေလို့ ထင်မိတယ်..
ReplyDelete