
Friday 13th By Peter Doig
☼ သောကြာနေ့ပေါင်း ၁၃ ရက်တိတိ
မုန်တိုင်းတွေ ……. ထမင်းလုံးတစ္ဆေတွေ …..
ဆိပ်ဖလူးပန်းတွေ …….. အဆိပ်လူးပန်းတွေ …….
တကွဲစီ တစစီလွင့် ….. လူး
ဖ - ရက်(ဂ်) - မန် - တေး - ရှင်း
ကဗျာထဲမှာတင် ၁၃ ရက်နေ့သည်သောကြာနေ့ ဖြစ်တယ်
☼ အပိုင်းပိုင်းအပြတ်ပြတ်များ
(၁) တကယ်တော့ အံ့သြစရာမကောင်းပါဘူး
(၂) ဖယောင်းတိုင်အလင်းက အမှောင်တိုက်သွင်းတဲ့ည (ငါ့ကို)
(၃) ကတ္တရာလမ်းဟာ (ငါ့အပေါ်) ပက်လက်လဲကျနေ
(၄) ဒီလိုနဲ့ နေ၀င် ….. ဒီလိုနဲ့ နေ၀င်
(၅) ကြယ်ဟာညလို မှောင် ကန်း နေ
(၆) ကြယ်လိုလဟာ မှိတ်တုပ်မှတ်တုပ်ဖြစ်နေ
(၇) အရိပ်လိုအတိတ် …… ရိတ်သိမ်းခံထားရသလို
(၈) ဟောဒီမှာ ကမ္ဘာပတ်လမ်းကြောင်းကနေ သွေဖည်
(၉) ထပ်ကာထပ်ကာ သောကြာ ၁၃
(၁၀) ဒေါင်လိုက်မျက်ဝန်းနဲ့ (ကြောင်တစ်ကောင်လို)
(၁၁) ငါနားမလည်ပါဘူး အဲဒီဆံပင်ရှည်ရှည်တွေကို
(၁၂) နှုတ်ခမ်းထူထူ …… မျက်ဝန်းပါးပါး
(၁၄) - - - - - - - - ၁၃ - - - - - - - ၁၃ - - - - - - -၁၃ - - - -
☼ မှားနေတဲ့မှန်
အမှားတွေချည်းဆင်ယင်ထားတဲ့ကောင်ကိုမြင်နိုင်ရန် မှန်ရှေ့တွင်ရပ်လိုက်မိ၊ ငါ့မျက်လုံးတွေမှားနေ …. ငါ့နှုတ်ခမ်းက စကားတို့မှားနေ …… ငါ့အသက်ရှူသံတွေမှားနေ …. ဒီလိုနဲ့ပဲဝေးသွားပြန်တယ်၊ ‘သက်တန့်ကိုမှ အရောင်တွေထပ်ဆိုးချင်တာ …..’ ၊ ဒီလိုနဲ့ပဲ ……. ငါမှားတယ်၊ ငါမှန်တယ် ….. ဘယ်တရားကဘယ်နားမှားခဲ့မှန်း လည်းမသိပါ၊ စက္ကူတစ်ရွက်ကို စုတ်ဖြဲလိုက်ခြင်းက ကိုယ့်ကိုယ်ကိုဓါးနဲ့မွှန်းခြင်းထက်နာကျင်……..၊ ငါမှန်သော် လည်း သူတို့မှားကြလိမ့်ဦးမည်ထင်ပါသည်၊ အတွေးတွေကအစ မှား ယွင်း နာ ကျင် ၊ ခြေထောက်က မြေ ကိုကြည့်ရင်တောင် ဦးခေါင်းကိုတော့ကောင်းကင်ဆီမော့ထားရ ၊ ‘တိမ်ဖြူတဆုပ် ပြန်သွားတာ\ ပျံသွားတာ ….. အိပ်တန်းတက်ကြတာ’ ၊ ၀ါကျအထားအသိုမှားတယ် ၊ ဖြစ်တည်ကြည့်မြင်မှုမှားတယ် ….မှားတယ် ….. မှားတယ် ကမ်းကုန်အောင်မှားတယ် ၊ စိတ်ခံစားမှုအတက်အကျ ငါမမှားပါ၊ သူတို့အတွက်တော့ ငါကတံခါးတစ်ချပ်မှမရှိ သောအိမ်တစ်လုံးဖြစ်ခဲ့သည်။
☼ အသည်းကွဲတယ်ဆိုတာ
လူငယ်တို့ရဲ့အစဉ်အလာပါပဲ
လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုလို …… ကဗျာရေးကြသလို ……
ဒါဟာ ၀မ်းပန်းတနည်းစီးဆင်းမှုတစ်မျိုးပါ
သောကြာနေ့များ ၊ ၁၃ ရက်နေ့များ ၊
တစ်သားတည်းတစ်လွှာတည်း ပြဿဒါးများ
☼ ငါဖွာရှိုက်လိုက်တာ လေလွင့်မီးခိုးတွေ
စိတ်ကျကော်ဖီ ….. ရူးသွပ်မှုအဆာသွပ်ထားတဲ့ပေါင်မုန့်
နားမလည်ဖို့ကြိုးစားနေရသော စိတ္တဇပန်းချီကား
တစ်ယောက်တည်းရဲ့ ဘယ်ဘက်နဲ့ညာဘက်လက်မဟုတ်တော့လည်း
အချိန်ပြည့်အတူမရှိနိုင်ဘူး
ဝေး ဝေး ဝေး ဝေး ဝေးသွားတယ်
☼ အပိုင်းအစကဗျာ
၁၃ ရက်ကျတဲ့သောကြာနေ့
အပိုင်းအစကဗျာပါ
၁၃ ရက်တိတိ သောကြာနေ့များ
၁၃ ရက်တိုင်း သောကြာနေ့
အသည်းကွဲပြက္ခဒိန်မှာ ………………..
သောကြာနဲ့ ၁၃ ရက်များ အပြန်အလှန် မှီခိုခဲ့ ။ ။
ဝန်ခံချက်
သူငယ်ချင်းကဗျာဆရာ နေနှင်းစက် (ဗလာဆုံမှတ်) နှင့် အတူရေးဖြစ်ခဲ့သော ‘မှားနေတဲ့မှန်’ အက်ဆေးတွင် ရေးသားခဲ့သောစာပိုဒ်နှင့် ခေါင်းစဉ်ဖြစ်သော မှားနေတဲ့မှန် ကိုပြန်လည်ယူငင်သုံးစွဲထားပါသည်။
အသည်းကွဲတယ်ဆိုတာ လူငယ်တို့ရဲ့အစဉ်အလာပါပဲ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုလို …… ကဗျာရေးကြသလို …… ဒါဟာ ၀မ်းပန်းတနည်းစီးဆင်းမှုတစ်မျိုးပါ<-- အသစ်တွေ ရဲ့ ရသ... အားပေးနေပါသည်...း-)
ReplyDeleteလင်းလင်းပြောရင်တော့ လောလောပြင်းတယ်ဗျာ..
ReplyDeleteဆရာကတော့ ဆရာပါ..
၁၃ ရက်ကျတဲ့သောကြာနေ့...
ReplyDeleteကိုကျနော်ရှာလိုက်ဦးမယ်ဗျ။အားပေးလျှက်ပါ။
သောကြာနေ့ ၁၃ ရက် ... အဲသည့်နေ့ကပေါ့ .. ငါ့ မှောင်မိုက်မိုက် ညခင်းတွေ .. ဖြူရော်ရော် မြင်းခွာသံကြား .. ကတုန်းကရုန်း ပြိုလဲခဲ့တာ ..
ReplyDelete