အချစ်ဟာ
ကောင်းကင်က လတ်လတ်ဆတ်ဆတ် ပွင့်ပစ်လိုက်တဲ့
တိမ်တိုက်များလား
တိမ်တိုက်များအလား ရွေ့လျား
ကိုယ်က မင့်ဆီ မျောလွင့်ရွေ့လျားလို့။
မင်းကိုယ်တိုင်တောင်
မသိခဲ့ဘူးဆိုမှတော့
ဘယ်သူကမှလည်း သိလိုက်မှာမဟုတ်ပါဘူး အချစ်ရယ်
အခုတော့
တိမ်တိုက်က မုန်တိုင်းဆီကို တဆစ်ခဲခဲ နာကျင်ရွေ့လျား
တိမ်တိုက်က တစစီကွဲကြွေသွားတယ်။
အဲဒီလိုစခဲ့တဲ့ဇာတ်လမ်းဟာ
အဲဒီလိုနဲ့ပဲ.. ..။
ကိုယ့်အသည်းဟာ
ဖန်ခွက်ကလေးလို ကွဲရှလို့
ကိုယ့်အတွေးဟာ ရေစက်ရေပေါက်လေးလို ဖိတ်စင်လို့
ကိုယ့်မျှော်လင့်ခြင်းဟာ သေအံ့ဆဲဆဲမီးအိမ်လေးလို ပြာကျလို့
ကိုယ့်အိပ်မက်ဟာ အင်္ကျီအဟောင်းလေးလို တွန့်ကြေလို့
ကိုယ်ကလည်း မင်းဆီကနေ ဝေးပြီးရင်းဝေး သွေးလေခြောက်ခြားလို့
တကယ်တော့လည်းကွယ်
ကိုယ့်အချစ်ဟာ
ကောင်းကင်က လွဲလွဲမှားမှားပွင့်ပစ်လိုက်တဲ့
တိမ်တိုက်အပဲ့တစ်ခုပါပဲအချစ်ရယ်။
သူရဿဝါ
၀၉ - မေ - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment