ကျွန်တော်တို့ဆီမှာတော့
သွားကြားထိုးတံကို ရှာဖွေရေးလို့ခေါ်ပါတယ်
ပိုက်ဆံမရှိတာကို ရေမလန်းဘူးလို့သုံးပါတယ်
ပြဿနာတက်နေရင် တိုင်ပတ်တယ်လို့ပြောပါတယ်
ပြဿနာရှာတဲ့လူကို အထုပ်လို့ခေါ်ပါတယ်
ကလေကချေကို စရိုက်လို့သုံးပြီး
အောက်စက်ကို ပစ္စည်းလို့သုံးပါတယ်
ကောင်မလေးချောချောမြင်ရင်
ဇယားလေးက မှည့်တယ်လို့ပြောပြီး
ကိုယ့်အိမ်ကိုယ်ပြန်အိပ်တဲ့အခါ
ကိုယ့်ဘိကိုယ်ပြန်ကျိုးတယ်လို့ သုံးစွဲပါတယ်
သူငယ်ချင်းကို သားကြီးလို့သုံးနှုန်းတတ်ပါတယ်
ကျွန်တော်တို့ဆီမှာတော့ ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ခုနစ်နှစ်အချိန်ယူရပါတယ်
ဝီစကီကောင်းကောင်းတစ်လုံးရဖို့ အနှစ်နှစ်ဆယ်
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်
အချိန်ယူရပါတယ် အချိန်ပေးရပါတယ်
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုကြည့်ဖို့
အိပ်ရေးဝဝ အိပ်ထားဖို့လိုအပ်လို့
ကိုယ့်ဘိမှာကိုယ် အေးဆေးကျိုးနေပါတယ်
ကြည်ဇော်အေး
သရဖူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၀၉
No comments:
Post a Comment