Sunday, February 22, 2009

စွန့်စားခြင်း


ချစ်သူတောင်
မိုးတွေထစ်ချုန်းသည်းမည်း ရွာချရဲရင်
ကိုယ်ကလည်း
မီးမုန်တိုင်းကို “ဟုတ်” ခနဲသိမ်း
ငြှိမ်းပစ်နိုင်ရမယ်။

မျှော်ကြည့်မိတဲ့ခရီးက
နီးရစေ့မယ်ကွယ်
အသွားဘယ်လောက်ထက်ထက်
သွေးမပျက်ကြေးပေါ့။

အဲဒီလိုနဲ့
မျက်စောင်းပေါင်းများစွာကို
စိတ်လိုလက်ရထွေးပိုက်
စွန့်စားလိုက်ကြတယ်။

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image Credit: Gettyimages.com

No comments:

Post a Comment