လွမ်းဆွေးမှုရဲ့တန်ရာတန်ကြေး
ဝေးကွာရမှ မြင်တယ်။
ထွက်ကျလာသမျှ ကုန်ကြမ်းတွေက
မင်းရဲ့အကြောင်းပဲ စီရရီ။
မုန်တိုင်းထန်နေသလိုတော့မဟုတ်
ဒါပေမဲ့ လွမ်းတယ်။
ချစ်သူ့ဆံနွယ်လေးများ
လက်ဖဝါးထွေးအိလေးများ
လှိုက်ဖိုခဲ့သမျှ
ရင်ရိပ်ထဲမှာ ရုပ်ရှင်။
စိတ်မချသော အတွေးများပေါ်ရင်
တဘဝလုံး မောတယ်။
“အိပ်မက်များရဲ့ ပဲ့ကိုင်ရှင်သခင်မ”
ဒီလိုခေါ်ရင် မင်းရှက်နေမလား။
ငါ့ကဗျာထဲက ငါ့ကိုယ်ပွားအားလုံး
မင်းကို ချစ်တယ်။
ကဲ.. ပြုံးထားစမ်းပါ အချစ်
မနက်ဖြန် ကိုယ်ပြန်လာမယ်။
သူရဿဝါ
၁၅ - ဒီဇင်ဘာ - ၂၀၀၈
Image source; Images.google.com

No comments:
Post a Comment