Tuesday, November 18, 2008

ကောင်းကင်ပျောက်တဲ့ ကြယ်


ဘယ်သူမှမိုးမချုပ်ခင်

မျက်လုံးတွေကအစ နှုတ်ဆိတ်လိုက်ကြရမယ်

ကိုယ်တို့နှစ်ဦးသားရဲ့တေး

ရဲရဲဝံ့ဝံ့ ဝေးကြပါစို့ကွယ်။

ကြွေသွားတဲ့ပန်းက ပြန်မပွင့်ခဲ့ဘူး

ရွေ့သွားတဲ့တိမ်က ပြန်လှည့်မလာဘူး

ထွက်ခွာခုတ်မောင်း ရထားကလည်း

ဘူတာရုံလေးဆီ ပြန်ရောက်မလာခဲ့ဘူး။

အဲဒီလိုနဲ့ တံခါးတွေပိတ်ပစ်ကြတယ်။

ဒဏ်ရာဆိုတာ စိတ်မှာပွင့်လာတဲ့ နူးနူးညံ့ညံ့ပန်းပွင့်

တနင့်.. နက်နက်ကို မွှေးခဲ့ပါရဲ့။

ဘယ်ဥယျာဉ်ထဲကိုမှ ဝင်ခွင့်မရှိခဲ့တာပဲကွယ်

ကိုယ့်ဒဏ်ရာကိုယ်ကြောင်း အိပ်မက်တွေပါပြောင်းကြရုံ။

တွေးခဲ့.. တွေ့ခဲ့.. တွေခဲ့..

နောက်ဆုံးတော့လည်း.. နေခဲ့တယ်။

 

သူရဿဝါ
၁၈ - နိုဝင်ဘာ - ၂၀၀၈
Image source; Dreamstime.com

1 comment:

  1. လေးစားစရာပဲ ညီရေ အဖွဲ့အနွဲ့နဲ့ စကားလုံးလေးတွေက သိပ်ကို လှလွန်းနေတယ်၊ ရင်ထဲမှာ ကဗျာရှင်နဲ့ အတူလိုက်ပါ ခံစားနေမိတယ်၊ နှစ်ခြိုက်မိတဲ့ကဗျာတစ်ပုဒ် ဖြစ်တယ်ဆိုတာ ကျိန်းသေပါတယ်။

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete