မင်းရဲ့နားတွေ စွင့်ထားလိုက်
ပန်းတွေရဲ့ဘာသာစကားကို
နားလည်ပြီဆိုရင်
ပန်းတွေရဲ့ဘာသာစကားကို
နားလည်ပြီဆိုရင်
မင်း ချစ်တတ်လာပါလိမ့်မယ်။
ခေါ်နေကျနာမည်လေးကိုပဲ
သံနေသံထားပြောင်းပြီး
ခေါ်ကြည့်ချင်တယ်
သံနေသံထားပြောင်းပြီး
ခေါ်ကြည့်ချင်တယ်
တလောကလုံး
ကောင်းချီးပေးစေသား။
မင့်ရပ်ဝန်းမှာ မုန်တိုင်းတွေထန်တဲ့အခါ
တိတ်တဆိတ်ပဲ
ရပ်နေပါ
တိတ်တဆိတ်ပဲ
ရပ်နေပါ
ငါ့ကိုယ်ငါ
ထီးလိုမိုးဖို့ မင်းဆီလာမယ်။
မျှော်လင့်ချက်ဆိုတာ
ရေလောင်းပေးတိုင်းမရှင်သန်နိုင်တဲ့
အလေ့ကျပျိုးပင်ငယ်
လေပြည်လေညင်းပဲ
တိုက်ခတ်ပေးပါ
လေပြည်လေညင်းပဲ
တိုက်ခတ်ပေးပါ
မျက်စိစုံမှိတ်
ဆုတောင်းမိတယ်။
မျှော်တဲ့ညမှာ အလွမ်းတွေနင့်နင့်လာတဲ့အခါ
ဂစ်တာကြိုးတွေကိုပဲ
စိတ်နာနာနဲ့ရိုက်ခတ်မိတယ်
ဂစ်တာကြိုးတွေကိုပဲ
စိတ်နာနာနဲ့ရိုက်ခတ်မိတယ်
ကိုယ်ချင်းစာပေးကြပါကွယ်။
ငါ့ကိုလွမ်းပါ
ငါ့ကိုလွမ်းပါ
ငါ့ကိုလွမ်းနေပေးပါ
ပဲ့တင်သံတွေ
နင့်နှလုံးသားက ကြားမိတဲ့အခါ
ပန်းတွေရဲ့ဘာသာစကားကိုပါ
အလိုလိုနားလည်လာပါလိမ့်မယ်။
သူရဿဝါ
၀၂ - ဧပရယ်လ် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment