Tuesday, February 05, 2008

လှေကားထစ်များ


 

အပြုံးချိုချိုလေးက
မျက်လုံးထဲခေါက်တုံ့ခေါက်ပြန်လျှောက်သွား
ပထမအဆင့်က၊ စိတ်ဝင်စားတယ်။

ရင်းနှီးကျွမ်းဝင်ခြင်းက
ရင်ဘတ်ကို ဝင်၊ ဝင်တိုက်
ဒုတိယအဆင့်က၊ ကြိုက်တယ်။

မင်းရဲ့အကြောင်းပဲ
ခေါင်းထဲမှာဝဲလည်ဖြစ်တည်
တတိယအဆင့်က၊ ချစ်သည်ပေါ့။

ချစ်ရခြင်းဒီလှိုင်းများက
တရိပ်ရိပ် တလိပ်လိပ်ထပ်တိုး
နောက်ဆုံး

မြတ်နိုးတယ်ကွယ်။

သူရဿဝါ
၀၅၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image credit: Gettyimages.com

No comments:

Post a Comment