တစ်ခါက စားသောက်ဆိုင် တစ်ခုမှာ ပြင်သစ် တစ်ယောက်နဲ့ အမေရိကန် တစ်ယောက် တွေ့ကြ ပါသတဲ့။ တစ်ခုံထဲမှာ အတူထိုင်ကြရင်း ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ် ကြတာပေါ့။ အဲဒီလို စကားပြောရင်း ကနေ ပြင်သစ်ကြီးက စားလို့ မကုန်တဲ့ ပေါင်မုန့် အကျန်ကို အမှိုက်ပုံးထဲ ပစ်ထည့် လိုက်ပါသတဲ့။ အဲဒါကို မြင်တဲ့ အမေရိကန်က ပြင်သစ်ကို နောက်ချင်စိတ် ပေါ်လာ ပါသတဲ့။ အမေရိကန်ကြီးက မေးလိုက်တယ်။
“ခင်ဗျားတို့ ပြင်သစ် လူမျိုးတွေက စားလို့ မကုန်တဲ့ ပေါင်မုန့် တွေကို ဒီလိုပဲ လွှင့်ပစ်တာပဲ လားဗျ”
“အင်းလေ... လွှင့်ပစ်တာပေါ့”
“ကျုပ်တို့ ဆီမှာတော့ လွှင့်မပစ်ဘူးဗျ.. အဲဒီ အကျန်တွေကို သိမ်းထားပြီး ပေါင်မုန့်လုံး လုပ်တယ်။ ပြီးရင် ခင်ဗျားတို့ ပြင်သစ်ကို ပြန်တင်ပို့တယ်လေ.. ဟဲဟဲ”
အဲဒီတော့ ပြင်သစ်ကြီး စိတ်ညစ် သွားတယ်။ ဒါနဲ့တင် မပြီးသေးဘူး။ အမေရိကန်ကြီးက ဆက်မေးတယ်။
“ခင်ဗျားတို့ ဆီမှာ စားလို့ မကုန်တဲ့ အသားတွေ ကိုရော ဒီလိုပဲ လွှင့်ပစ် တာပဲလားဗျ”
“အင်းလေ.. လွှင့်ပစ်တာပေါ့.. မပစ်လို့ ဘာလုပ်ရမှာတုန်း”
“ကျုပ်တို့ကတော့ လွှင့်မပစ်ဘူးဗျ.. အဲဒါတွေကို ပြန်သိမ်းထားတယ်။ ပြီးရင် ဟမ်ဘာဂါ လုပ်ပြီး ခင်ဗျားတို့ ဆီကို ပြန်ပို့တယ်.. ဟဲ ဟဲ”
ပြင်သစ်ကြီး ပေါက်ကွဲ သွားတယ်။ ပြီးတော့ ဒီအမေရိကန် ကောင်ကိုတော့ ပြန်ပြီး ပညာပေး ရမယ်လို့ ဆုံးဖြတ် လိုက်တယ်။ ပြင်သစ်ကြီးက ပြန်မေးတယ်။
“ခင်ဗျားတို့ဆီမှာ သုံးပြီးသား Condom (ကွန်ဒုံး) တွေကို လွှင့်ပစ် သလားဗျ”
“ဟာ.. လွှင့်ပစ်တာ ပေါ့ဗျ.. ဘာလုပ် ရမှာတုန်း”
ဆိုတော့ ပြင်သစ်ကြီးက မိန့်မိန့်ကြီး ပြန်ပြောလိုက်တယ်။
“အေး.. ကျုပ်တို့ဆီ မှာတော့ လွှင့်မပစ်ဘူးဗျ.. အဲဒါတွေ အကုန် ပြန်ပေါင်းပြီး ပီကေ ပြန်လုပ်တယ်။ ပြီးရင် ခင်ဗျားတို့ အမေရိကန်ကို ပြန်ပို့တယ်လေ ဟဲ ဟဲ ဟဲ..”
လို့လည်း ဆိုရော အမေရိကန်ကြီးလည်း တစ်ခွန်းတည်း အော်ပြီး ပြေးပါ လေရောတဲ့။ ကြော်ငြာ ထဲကလို ဆိုရင်တော့ “အောင်မလေး.. သေပါပြီဟ” ဆိုပြီးတော့ပေါ့။ အဲဒီတော့ သူငယ်ချင်း တွေလည်း ပီကေစားမယ် ကြံရင် နည်းနည်း သတိထား ကြပါလို့။
မှတ်ချက် - ဆရာ မောင်ကောင်းထိုက် (နှီးပဒေါ) ၏ ဘာသာပြန် ဟာသ တစ်ပုဒ်အား မှီငြမ်း ဆန်းသစ် ရေးသားပါသည်။
၁၃ - ဖေဖော်ဝါရီ - ၂၀၀၈
Image source; Images.google.com
pawk pawk sha sha twe tat tal :)
ReplyDelete