ကမ္ဘာဦး အစတုန်းက မိန်းကလေး တွေမှာ ယောက်ျား တွေလိုပဲ၊ မုတ်ဆိတ်မွှေးတွေ ရှိကြ ပါသတဲ့။ အဲဒီတော့ အလှကြိုက်တဲ့ မိန်းကလေး တွေခမျာ နှုတ်ခမ်းမွှေး တကားကားနဲ့ စိတ်ညစ်ကြ ရတာပေါ့။ မိန်းကလေး တွေက တိုင်ပင်ကြတယ်။ ငါတို့ ဘာလုပ်ကြရင် ကောင်းမလဲ ပေါ့လေ။ တစ်ယောက်က အကြံ ပေးတယ်။ ငါတို့ သိကြားမင်းကြီးဆီ သွားပြီး အကူအညီ တောင်းရအောင် ဆိုပြီးတော့ပေါ့။ သူ့အကြံက အကောင်းဆုံး ဖြစ်နေတော့ အားလုံး သဘောတူ လိုက်ကြတယ်။ ဒါနဲ့ မိန်းကလေးတွေ အားလုံးစုပြီး သိကြားမင်းကို အပူနဲ့ သွားကပ်.. အဲ.. အဲ.. အပူသွားကပ် ကြတယ်။
“သိကြားမင်းကြီးရယ်.. သမီးတို့မှာ နှုတ်ခမ်းမွှေးတွေ ပေါက်နေလို့ လှသင့် သလောက် မလှ တော့ဘူး။ အဲဒီ နှုတ်ခမ်းမွှေး တွေကို ဖျောက်ပေး လို့ရရင် ဖျောက်ပေးပါ သိကြားမင်းကြီးရယ်..”
လို့ပေါ့။ သိကြားမင်းကြီး ကလည်း သိပ်သဘော ကောင်းတဲ့သူ ဆိုတော့ မိန်းကလေး တွေရဲ့ အဖြစ်ကို သနားသွား ပြီးတော့ အကူအညီ ပေးဖို့ ဆုံးဖြတ် လိုက်တယ်။ သူ့ဘေးနားမှာ ထောင်ထားတဲ့ ဝရဇိန် မိုးကြိုးသွား ကြီးကို ယူပြီး “ဂျိုင်း” ခနဲ မြည်အောင် ပစ်ထည့်လိုက် ပါလေရော။ အဲဒီမှာတင် မိန်းမတွေရဲ့ မျက်နှာပေါ်က နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေ အကုန်လုံး သူတို့ရဲ့ “ဂျိုင်း” အောက်ကို ရောက်သွား ကြရောတဲ့။
ပထမတော့ အဆင်ပြေနေ သေးတာပေါ့။ သိပ်မကြာပါဘူး။ ဘာကိုပဲရရ အလိုမကျ တတ်တဲ့ မိန်းမတွေရဲ့ သဘာဝ အတိုင်း “ဂျိုင်း” အောက်က အမွှေးတွေကို ရှုပ်တယ်လို့ ထင်လာ ကြပြန်ရော။ ထုံးစံအတိုင်း သိကြားမင်းကြီးဆီ ပြေးကြတာပေါ့။ သိကြားမင်းကြီး ဆီရောက်တော့
“သိကြားမင်းကြီးရယ်... သမီးတို့မှာ ဂျိုင်းမွှေးတွေနဲ့ အရမ်း ရှုပ်ပါတယ်။ အဲဒီတော့ ထပ်ပြီး ကူညီပါဦး”
ပေါ့လေ။ သိကြားမင်းကြီး ကလည်း ကူညီ ရှာပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သိကြားမင်းကြီးက သုဇာတာ မိဘုရားနဲ့ ရန်ဖြစ်ပြီးစ စိတ်ရှုပ်နေတဲ့ အချိန်ဆိုတော့ သူယူလိုက်တဲ့ မိုးကြိုးသွားက အ, အကြီး ဖြစ်နေ ပါလေရော။ အဲဒီတော့ မိုးကြိုးသွားရဲ့ အသံက ပထမ တုန်းကလို မမြည် တော့ဘဲ “ဖုတ်” ခနဲပဲ မြည်ပြီးတော့ မိန်းကလေး တွေရဲ့ ဂျိုင်းမွှေး တွေလည်း ဘယ်ပျောက် သွားမှန်း မသိတော့ပါဘူး။
အဲဒီကိစ္စကို ကျွန်တော်လည်း အခုထိ စဉ်းစားလို့ မရပါဘူးဗျာ။ သူငယ်ချင်းတွေ စဉ်းစားလို့ ရရင်တော့..။
မှတ်ချက် - ရှေးလူရွှင်တော်ကြီးများ ပြက်ခဲ့သော ပြက်လုံး တစ်ခုအား မီငြမ်းဆန်းသစ် ရေးသား ပါသည်။
သူရဿဝါ
၁၃
- ဖေဖော်ဝါရီ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment