Tuesday, January 20, 2015

ေချာ့


ေချာ့
- သူရဿဝါ -

[၁]
စိတ်အရူးပင်ေလးေပါက်ချင်ြပီဆို
အလွမ်းကို သွယ်တန်းထားတဲ့ ညအေရာင်လည်း
နှစ်ြခမ်းကွဲသွားမှာေပါ့လို့
အဲဒီလို ေတွးြကည့်ပါအချစ်။

[၂]
မင်းနှိပ်လိုက်တဲ့ Blacklist button ထဲ
မင်းကိုယ်တိုင်ရဲ့ သက်ြပင်းေမာေတွ။
မင်းရဲ့ နှုတ်ဆိတ်ဖုန်းလက်ခံမှုမှာ
ကိုယ့်ယံုြကည်စိတ်လည်း အသံတိတ်ဖွာလန်ြကဲလိုက်ရ။ ဘာစကားမှမေြပာဘဲ မင့်မျက်ေမှာင်ကျံု့ကေလးေြပေအာင် ကိုယ်ဘယ်လို ကွျမ်းကျင်ရမလဲ။

ေနာက်တဆင့်ဆက်ြပီး နက်နဲဖို့အတွက်
ပထမလှည့်စားချက်ကို တဝက်ေလာက်ထုတ်ေဖာ်ြပရတဲ့
မျက်လှည့်ြပကွက်မျိုး၊
တခါတေလ အချစ်ဆိုတာ အဲဒါပဲ အချစ်ရဲ့။

[၃]
မင်းက စိတ်ကိုေကာက်ထားေတာ့
ကိုယ့်မှာေြဖာင့်ေြဖာင့်စင်းစင်း လင်းလို့မရ။
မင်းမာနက မင်းလက်အဖျားေလးေတွေပါ်
ဘာလို့တက်ထိုင်ေနသလဲ စဉ်းစားလို့မရ။
လူေရာ အေတွးေရာ မင်းနဲ့ေဝးလို့၊ ကိုယ့်မှာ။

မင့်ေဘးလွယ်အိတ်ထဲ ြပီးစလွယ်ပစ်ထည့်လိုက်တဲ့
ငါးဆယ်တန်အနွမ်းေလးဟာ အခုကိုယ်ပဲ။
စိတ်ထိခိုက်လို့ ကျိုးပဲ့သွားတဲ့
မင့်လက်သည်းခွံေလးဟာ အခုကိုယ်ပဲ။
မင့်နှာသီးဖျားေပါ် လာစွန်းထင်းေနတယ်လို့
မင်းအထင်လွဲတဲ့ ဆားဝက်ြခံတပွင့်ဟာ အခုကိုယ်ပဲ။

မင်းစိတ်နဲ့အခုမတည့်သမှျ၊
မင်းစိတ်ထဲကအခုြခစ်ကုတ်ထုတ်လိုက်သမှျ၊
မင်းစိတ်မှာအခုယားယံေပါက်ကွဲသမှျ၊
အဲဒီအလာ့ဂျစ်တိုင်းဟာ အခုကိုယ်ပဲ။

[၄]
ကိုယ်ခါးလည်း မင်းဆက်ချိုေနမှာ
ကိုယ်တားလည်း မင်းဆက်ဆိုေနမှာ
ေမှာင်ထားတဲ့သီချင်းေတွ၊ ကိုယ်သိတယ်။

မင်းပစ်လိုက်တဲ့ အရွဲ့က
ကိုယ့်ဆီအရှိန်ြပင်းြပင်းဝင်တိုက်မှာ၊ ကိုယ်သိတာေပါ့။
ကိုယ်မချိလို့ မင်းြပံုးလိုက်မှာ၊ မဲ့ြပီး
ကိုယ်သိလို့ မသိချင်ေယာင်ေဆာင်လိုက်တာေလ အချစ်ရဲ့။

[၅]
မည်းညစ်ညစ်ညေနြကီးေတွ ကုန်ပါေစ
စိတ်ေကာက်ကျိန်စာေတွ အြမန်ပုပ်သိုးပါေစ
မင်းေြခတစ်လှမ်းတိုင်း ကိုယ့်ကိုလွမ်းပါေစ
ကိုယ်ေတာင်းတဲ့ဆုက ကိုယ့်နှုတ်ဖျားေပါ်ပွင့်ေနတယ် အချစ်။

မင်းသိချင်မှလည်းသိမယ်
ကိုယ့်အသိကေတာ့ ကိုယ့်ေမှျာ်ေတာ်ေယာင်နဲ့ ေြကာင်လို့
ကိုယ့်ကိုြပန်လွမ်းလာေတာ့မှာ သိပ်မြကာခင်ပဲသိေနလို့
မင့်စိတ်ပုပ်ကေလး ေလလွင့်သွားေအာင်လို့
ကိုယ့်အနမ်းနဲ့ ကိုယ့်နှုတ်ခမ်းကို
မင်းပုခံုးသားေလးေပါ် တယုတယ ထားခဲ့တယ်။

၂၀ - ဇန်နဝါရီ - ၂၀၁၅

No comments:

Post a Comment