နင်ရယ် ငါရယ် ေဟာဒီေန့ ေဟာဒီကဗျာရယ် ..
- သူရဿဝါ -
[၁]
နင်က ငါ့ေရဘူးပါ
နင်က ငါ့ဖိနပ်ပါ
ငါ့ေရဘူးကေလး ငါ့ဖိနပ်ကေလး
မရှိတဲ့အခါ ငါကေနွရာသီပါ
ေြခာက်ေသွ့ေနမှာ..။
[၂]
လူဆိုတာ အေကာင်းြကိုက် သတ္တဝါ
ငါလည်း လူထဲက လူတစ်ေယာက်ပါ
နင်ဟာ ငါ့ရဲ့ ဝက်ပါ
နင်ဟာ ငါ့ရဲ့ သရက်ပါ
နင်ဟာ ငါ့ရဲ့ လက်ဖက်ပါ
ငါဟာ နင့်ကိုြကည့်ြပီး အသည်းယားေနတဲ့ တာေနာယက္ခဘီလူးြကီးပါ
တဂျွတ်ဂျွတ်ြမည်ေအာင် ဖန်ေပါင်းေချာင်ြကီးကိုပါ ကိုက်စားပစ်လုိက်မှာ
..။
[၃]
ငါသွားတဲ့အခါ နင်ရှာတာပဲ
နင်သွားရင်လည်း ငါရှာရတာပဲ
တစ်လှည့်စီ ရှာရင်း.. သွားရင်း
အြမဲတကျက်ကျက် နင်နဲ့ငါဟာ
လှျာနဲ့သွားပါ
အနီးကပ်ဆံုး ရှိေနမှာ..။
[၄]
ခဏခဏ ြပံုး မဲ့ ငို ရယ်.. စကားြကွယ်
နင်က အရူးမေလးပါ
ပွစိပွစိ အချိန်ြပည့်ေြပာေနရှာ
အရူးေလးဆယ်ခွန်းေြပာ တစ်ခွန်းအြမဲမှန်တတ်တာ
နင်ငါ့ကိုချစ်တယ်.. ဆိုတဲ့ စကားထဲမှာ..။
[၅]
ငါက ဥသှျစ်တစ်တင်းထဲက ဥသှျစ်သီးေလးတစ်လံုးပါ။
နင်ဟာ နှမ်းတစ်တင်းထဲက နှမ်းေစ့ကေလးတစ်ေစ့ပါ။
သာသာ.. နာနာ နင်လာခဲ့ဆိုရင်
ဥသှျစ်သီးဟာ နှမ်းေစ့ကေလးဆီ တလိမ့်လိမ့်ဆင်းလာမှာ..။
[၆]
နင့်ေမွးေန့ဟာ မာ့ချ်သံုးဆယ့်တစ်ပါ
ငါ့ေမွးေန့ဟာ ေအာက်တိုဘာဆယ့်တစ်ပါ
ေဖေဖာ်ဝါရီ ဆယ့်နှစ်ဟာ ြပည်ေထာင်စုေန့ပါ
ေဖေဖာ်ဝါရီ ဆယ့်သံုးဟာ ဗိုလ်ချုပ်ေမွးေန့ပါ
ေဖေဖာ်ဝါရီ ဆယ့်ေလးဟာ နင်နဲ့ငါပါ
ငါတို့နှစ်ေယာက်ဟာ အဲဒီတစ်ေန့လံုးြဖစ်သွားမှာ..။
၁၄ - ေဖေဖာ်ဝါရီ - ၂၀၁၃
No comments:
Post a Comment