Tuesday, May 25, 2010

မိုးတိမ်သံသရာ






“မိုးတိမ်သံသရာ”
မော့ကြည့်မိတော့ . . .
မျက်စိတဆုံး မိုးတိမ်တွေလှလိုက်တာ
မော့ကြည့်ရတဲ့မျက်ဝန်းမှာ
ဒဏ်ရာ . . . အနာတွေနဲ့အပြည့်
အဲဒီ ဒဏ်ရာတွေရဖို့
နှစ်ပေါင်းနှစ်ဆယ်ကျော် ရင်းနှီးခဲ့တယ်
အရင်းအစားများသလို
အမြတ်အစွန်းများများ ၊ အရှုံးအနိမ့်များများ
ဆိုပြန်တော့
မျက်လုံးမှာ ဒဏ်ရာအနာတွေအပြည့် . . . ဝေ့လာပြန်တယ်
အဲဒီမျက်လုံးတွေနဲ့ပဲ မော့ကြည့်လိုက်တယ်
မိုးတိမ်တွေလေ . . . လှ နေ လိုက် တာ . . . .
သူရဿဝါ
မေလ ၂၅ ရက် ၊ ၂၀၁၀ ခုနှစ်




1 comment:

  1. နှစ် ၂၀ တောင် ကျော်ခဲ့ပြီ ... ။

    ReplyDelete