Sunday, June 14, 2009

ငါတစ်ယောက်တည်းရဲ့ညနေ



အခုတော့လည်း
နေ၀င်ချိန်တွေကိုပဲ လွမ်းရတော့တာပါပဲ
ငှက်ကလေးတွေအိပ်တန်းပြန်သွားတဲ့နောက်
ငါ့စိတ်ကလိုက်ရင်း ……
`မနက်ဖြန်မတွေ့ရဘူး´ ဆိုတဲ့စကားက
အထီးကျန်ညကို ညှို့တယ်
ဟောဒီမှာ … ငါနဲ့ကျန်ရစ်ခဲ့တာ
ပါးချိုင့်လေးတစ်ဖက်လား …. လေးလံထိုင်းမှိုင်းစိတ်လား
တံခါးလေးတစ်ချပ်လှပ်လိုက်ရုံနဲ့ ဝေး ……….. သွား
ငါတစ်ယောက်တည်း မီးပွိုင့်အနီရောင်ဖြစ်ပြီး ကျန်ရစ်တယ်
ဒီအချိန်ဆို သူ့အိမ်လမ်းကွေ့လေးနားရောက်ပြီ
မိုးတွေညို့လာရင် ဘာကိုလွမ်းရမလဲဆိုတာသိပြီ
ငါကိုယ်တိုင်က
မင့်ဆီမရောက်ဖြစ်ခဲ့တဲ့ လက်ဆောင်ပန်းခြင်းကလေး …. ဖြစ်ရဲ့
အခုတော့လည်း
နေ၀င်ချိန်တွေကိုပဲ လွမ်းရတော့တာပါပဲ
အပူချိန် တစ်ရာ့လေးဒီဂရီဖာရင်ဟိုက် ။


2 comments:

  1. ကိုယ့်ညီက လွမ်းနေပြီပေါ့လေ..
    "ပါးချိုင့်လေးတစ်ဖက်လား …. လေးလံထိုင်းမှိုင်းစိတ်လား"

    အဲ့ ပါးချိုင့်ကလည်း လူကို တော်တော်ညို့ယူခဲ့တယ် ထင်တယ်....အလွမ်းရောဂါ အလွမ်း...

    ReplyDelete
  2. ငါတစ်ယောက်တည်း မီးပွိုင့်အနီရောင်ဖြစ်ပြီး ကျန်ရစ်တယ်
    ဒီအချိန်ဆို သူ့အိမ်လမ်းကွေ့လေးနားရောက်ပြီ
    မိုးတွေညို့လာရင် ဘာကိုလွမ်းရမလဲဆိုတာသိပြီ
    ငါကိုယ်တိုင်က
    မင့်ဆီမရောက်ဖြစ်ခဲ့တဲ့ လက်ဆောင်ပန်းခြင်းကလေး …. ဖြစ်ရဲ့
    အခုတော့လည်း
    နေ၀င်ချိန်တွေကိုပဲ လွမ်းရတော့တာပါပဲ
    အပူချိန် တစ်ရာ့လေးဒီဂရီဖာရင်ဟိုက်<--- ကြိုက်တယ်...ငါကိုယ်တိုင်က
    မင့်ဆီမရောက်ဖြစ်ခဲ့တဲ့ လက်ဆောင်ပန်းခြင်းကလေး …. ဖြစ်ရဲ့ ...ငါကိုယ်တိုင်က
    မင့်ဆီမရောက်ဖြစ်ခဲ့တဲ့ လက်ဆောင်ပန်းခြင်းကလေး …. ဖြစ်ရဲ့ 

    ReplyDelete