Monday, May 25, 2009

ဇာတ်ဝင်ခန်း ၂၄

ဒါဟာ
လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း ထိတွေ့ကြတာမဟုတ်ဘူး
လူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ လောကရဲ့ဇာတ်ဝင်ခန်းများ ထိပ်တိုက်တွေ့ကြတာ
ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်
အခုပဲ ဇာတ်ဝင်ခန်း ၂၄
တခါတလေတော့လည်း `ဒီလိုပါပဲ´ အမရယ်
အမြဲတမ်းလည်း `ဒီလိုပါပဲ´ အမရယ်
ဘ၀ဆိုတဲ့ကောင်က သူ့ကြိုးဝိုင်းထဲပဲ ကျနော်တို့ကို
အတင်းဆွဲ ဆွဲခေါ်သွားတတ်တာ
ပေါ်လာလိုက် … မြုပ်သွားလိုက်
မြုပ်သွားလိုက် … ပေါ်လာလိုက်နဲ့
ကျနော်တို့ ရေကူးနေကြတာလား
ခပ်ဆင်ဆင်တော့ တူပါတယ်
ဘ၀ကို အလျားလိုက်ကြီး ဖြတ်ကူးနေရတာ
အခုလိုမျိုး မွေးနေ့ပွဲတွေလည်းပါ၊
အိမ်ယာထူထောင်ခြင်းတွေလည်းပါ၊
စိတ်ကျရောဂါတွေလည်းပါ၊
လက်ခုပ်လက်ဝါးတီးသံတွေလည်းပါ၊
ဘာများကွဲပြားခဲ့ကြလို့လဲ
သိပ်လည်းမပူပန်ပါနဲ့ အမရယ်
ကံဆိုးတယ်ဆိုတာလည်း တကယ်တမ်းတော့
ပန်းက ရနံ့ကို လွှင့်ပစ်လိုက်သလောက်လေးပါ
……………………………..
……………………………………. ဟိုတစ်ဖက်ကမ်းကို ရောက်ခါနီးတဲ့အခါ
ဒဏ်ရာအနာတရတွေအကြောင်းသိလာတဲ့အခါ
အတုတွေ အစစ်တွေအကြောင်းသိလာတဲ့အခါ
`လူဆိုတာ ……..´ လို့ နောင်လာနောက်သားတွေကို ပြောပြလာနိုင်တဲ့အခါ
အဲဒီအခါကျရင်
လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း
ဖြည်းဖြည်းညင်းညင်း ထိလာလိမ့်မယ်
အခုက …
ဇာတ်ဝင်ခန်း ၂၄
ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်
ရှေ့လျှောက် လူတစ်ယောက်ရဲ့ဆန္ဒတွေနဲ့ ဇာတ်ဝင်ခန်းများထိပ်တိုက်တွေ့ကြပုံ








သူငယ်ချင်း အမကြီး မမိုးခါးရဲ့ ၂၄ နှစ်မြောက်မွေးနေ့တုန်းက အမှတ်တရရေးပေးတဲ့ကဗျာပါ







4 comments:

  1. ရေးတတ်လိုက်ကြတာ... တကတည်းမှပဲ...

    ReplyDelete
  2. ကံဆိုးတယ်ဆိုတာလည်း တကယ်တမ်းတော့ ပန်းက ရနံ့ကို လွှင့်ပစ်လိုက်သလောက်လေးပါ …………………………….. ……………………………………. ဟိုတစ်ဖက်ကမ်းကို ရောက်ခါနီးတဲ့အခါ ဒဏ်ရာအနာတရတွေအကြောင်းသိလာတဲ့အခါ အတုတွေ အစစ်တွေအကြောင်းသိလာတဲ့အခါ `လူဆိုတာ ……..´ လို့ နောင်လာနောက်သားတွေကို ပြောပြလာနိုင်တဲ့အခါ<--- ရင့်ကျက်တဲ့အရေးအသားတွေအတွက်ကျေးဇူး...

    ReplyDelete
  3. ၀ါဝါရေ
    ကျေးဇူးတင်တယ်နော် .. တကယ်
    ထပ်လာဖတ်သွားတယ် .. ထပ်ကျေးဇူးတင်တယ်နော် ..း)

    ReplyDelete
  4. ခံစားဖတ်ရှူ့သွားပါသည်။
    ဒဏ်ရာအနာတရတွေအကြောင်းသိလာတဲ့အခါ အတုတွေ အစစ်တွေအကြောင်းသိလာတဲ့အခါ

    ReplyDelete