Tuesday, March 10, 2009

မော်ဒန်ကောင်


ကျွန်တော် ဒေါင်လိုက်ကြီးလဲကျပြီး

အလျားလိုက်ရွေ့လျားနေတယ်

ကျွန်တော့်အပိုင်းအစတွေ ဆက်စပ်စုဝေးကြတယ်

ကျွန်တော်က အချိုးဖျက်ထားတယ်

ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ဖန်ဆင်းလိုက်တယ်

ကျွန်တော် ရုန်းဖောက်ခံစားနေတယ်

ကျွန်တော်က အခိုက်အတန့် ဖြစ်နေတယ်

ကျွန်တော် ကျယ်ပြန့်လင်းချင်းတဲ့ ဟင်းလင်းခွင်ထဲရောက်နေတယ်

ကျွန်တော် ဗဟိုချက်မဲ့နေတယ်

ကျွန်တော် အဆက်အစပ်ကင်းမဲ့နေတယ်

ကျွန်တော် ကစဉ့်ကလျား ဖြစ်သွားတယ်

ကျွန်တော့်ကို စိတ်လှုပ်ရှားမှု ရိုက်ခတ်နေတယ်

ကျွန်တော့်တည်ချက်ကို ဖြန့်ပြတယ်

ကျွန်တော့်ပန်းတိုင်ကို ဖြန့်ပြတယ်

ကျွန်တော်က စံလွဲနေတယ်

ကျွန်တော် အမြင်ရောပြွန်းမှု ဖြစ်နေတယ်

ကျွန်တော် စိတ်အာရုံပုံကြမ်း ရေးခြစ်နေတယ်

ကျွန်တော့်စိတ် အလိုအလျောက် စီးဆင်းနေတယ်

ကျွန်တော် တိတိကျကျ မဆုံးဖြတ်နိုင်ဘူး

ကျွန်တော် အခု

မော်ဒန်ခေတ်လွန်ဆီကို အလျားလိုက်သွားနေပါတယ်။

 

REFERENCE 1: အချိုးဖျက်ခြင်း (Distortion)
ပြန်လည်ဖန်ဆင်းခြင်း (Recreation)
အခိုက်အတန့်ဖြစ်မှု (Moment of Being)

စိတ်လှုပ်ရှားမှုရိုက်ခတ်ခြင်း (Emotional Force)
အမြင်ရောပြွန်းမှု (Optical mixture)

စိတ်အာရုံပုံကြမ်းရေးခြစ်မှု (Psychological automatism)
စိတ်အလိုအလျောက်စီးဆင်းမှု (Psychic automatism)

တည်ချက်ဖြန့်ပြမှု (Flatting of the space)
ပန်းတိုင်ဖြန့်ပြမှု (Flatting of the climax)

တိတိကျကျမဆုံးဖြတ်နိုင်မှု (Undesirability)
အဆက်အစပ်ကင်းမဲ့ခြင်း (Fragmentation)

စံလွဲခြင်း (Foregrounding)
မော်ဒန်ခေတ်လွန် (Postmodern)

REFERENCE 2: တာရာမင်းဝေ (ပြိုင်မြင်းတို့၏ခွာသံ)

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment