Saturday, January 03, 2009

လူ


မင်းတို့သစ္စာတရားက ခြေသံမလုံ
လိပ်ပြာဖြူဖြူတွေ မင်းတို့ကိုယ်ထဲမရှိတော့ဘူး
ကမ္ဘာဟာ မောပန်းနေပြီ။

ငါသိချင်တာက
တိုက်စားခံနေရတဲ့ လူသားဆန်မှု
ရန်သူမျိုးငါးပါးထက်
အတ္တရဲ့ဘေးထွက်ပစ္စည်းဟာကြောက်စရာ။

လူတွေရဲ့အသိမှာ
လူတွေပဲ ထိပ်ဆုံးကရှိနေဖို့ကောင်းတယ်။

 

သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment