Tuesday, February 28, 2012

စိတ်ထဲေပါက်ကွဲေနတဲ့ဗံုးဟာ ေန့စဉ်အေသအေပျာက်ရုပ်ရှင်


စိတ်ထဲေပါက်ကွဲေနတဲ့ဗံုးဟာ ေန့စဉ်အေသအေပျာက်ရုပ်ရှင်
- သူရဿဝါ -

မျက်ေတာင်ေလးတစ်ချက်မှ မခတ်ရေသးခင်မှာ
တစ်ေလာကလံုး ငါ့အေပါ်ြပိုကျလာမလား ။
စိတ်ထဲမှာ ေပါက်ကွဲေစတတ်တဲ့ပစ္စည်းေတွရှိေနတယ်
ဓါးေတွဟာ ေကျာြပင်ကို ပစ်မှတ်တစ်ခုလို မလွဲမေသွ လာစိုက်ဖို့
တလက်လက် တြမြမ ။
အန္တရာယ်ဆိုတာ စိမ်းေရွှေရွှနဲ့ ယမ်းနံ့လိုပဲ
ေနာက်ေကျာမလံုဘူး ၊ ေြကာက်တယ် ။
ေြကာက်လို့ အခု ြငိမ်ြငိမ်ေလးထိုင်ေနတယ်
အခုပဲ အေသဆိုးနဲ့ေသသွားနုိင်တယ်
အဲဒါကို အခု ထိုင်ေတွးေနတယ် ။
စိတ်က တုန်တုန်ရီရီ ေြခာက်ေြခာက်ြခားြခား
“အသက်အန္တရာယ်ရှိ ၊ သတိထား”
ယိုင်နဲ့နဲ့ စိတ်ရဲ့နံြကားထဲကို ေဒါက်ခနဲ စိုက်ဝင်လာတဲ့ ပစ်စာ ။
ေကွးတဲ့လက်ေတွ ဆန့်တဲ့လက်ေတွ ဘာမှမေြပာရေသးခင်
မျက်နှာေပါ်အုပ်မိုးလာမယ့် ေသမင်းရဲ့လက်ကိုင်ပဝါ ။
ေသြခင်းတရားက
လွယ်ထားတဲ့လွယ်အိတ်ထဲမှာ ၊ ထိုင်လက်စ ထိုင်ခံုေအာက်မှာ ၊
အများသံုးသန့်စင်ခန်းထဲမှာ ၊ ဗံုးခိုကျင်းထဲမှာ ၊ ကမ္ဘာြကီးရဲ့ေနရာေပါင်းစံုမှာ ၊
ကုန်ကုန်ေြပာရရင် ခင်ဗျားရှူသွင်းလိုက်တဲ့ ဝင်သက်ထဲမှာ ။
ေသြခင်းတရားဟာ ခင်ဗျားရဲ့ တထင့်ထင့်ေတွးေြကာက်ေနတဲ့ စိတ်ကိုစားြပီး
ြကီးထွားလာေသာ ဘက်တီးရီးယား ။
ေတွးြကည့်ရင် တကယ်ေတာ့ ေပျာ်စရာပါ
ငယ်ငယ်က ေသနတ်ပစ်တမ်းကစားတုန်းကလို
အခု ကျုပ်တို့ ေအာ်ဟစ်ေနြကရတာပဲမဟုတ်လား ။
တစ် ေနရာယူ
နှစ် အသင့်ြပင်
သံုး ကျည်ဆန်ထည့်
ေလး ေမာင်းချိန်
ငါး ဝပ်
ေြခာက်.. ရယ်ရတယ် ၊ မပစ်ခင်ကတည်းက ေသနှင့်ြပီ ။

၂၈ - ေဖေဖာ်ဝါရီ - ၂၀၁၂
ရယ်စရာ ရသစံုမဂ္ဂဇင်း

No comments:

Post a Comment