နာတာရှည်ကြသူများ
ကလေးတွေဆော့တဲ့အရုပ်က
မီးထ, ထပြီးတောက်ပြ
အရပ်ရှစ်မျက်နှာလိုက်ကြည့်တော့
ရှေ့ခုနစ်ဘ၀ ၊ နောက်ခုနစ်ဘ၀အနား ရောက်ခဲ့တယ်
တစ်ကိုယ်ရည်တစ်ကာယအတ္တအတွက်
လက်စွဲမန္တာန် ၊ လက်သုံးစကား ၊ လက်သုံးဓါး
ခင်ဗျားနာမကျန်းဖြစ်တော့
ဘုရားသခင်ကိုပါ `နေမကောင်းဘူးလား´ အဖော်ညှိ
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
`ဖြန်း´ခနဲ လက်ထဲကဖဲကိုရိုက်ချလိုက်တယ်
` . . . . . . . . . ´ အပြုံးပါးပါးနဲ့ပြော
ဒါ အပြည်ပြည်ဆိုင်ရာ မိုက်ကြေးခွဲနည်းပဲ
တန်းစီပါ တန်းစီပါ ဆက်ဆွဲပြီးမှလက်မနှုတ်နဲ့
လက်ဆွဲနှုတ်ဆက်ပါ
၁၈ နှစ်ပြည့်တာနဲ့ ငရဲကိုတရားဝင်ခြေစလှမ်းလို့ရပြီ
`ကြောင်ကြာကြာရေမငုပ်ဘူး´ ဘယ်သူပြောလဲ
အောက်ဆီဂျင်ဘူးဆောင်ထားတဲ့ . . .
အဲဒီ ကြောင်ဖားတွေ တပုံကြီး
ဟိုမှာ . . . သေချာကြည့်ထား
`ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့´ အစချီ
`လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်´ အဆုံး
လက်ကမ်းစာရွက်ဝေနေတဲ့ လမ်းဆုံလမ်းခွက လူယဉ်ကျေးတွေ ။ ။
သူရဿဝါ
ရသစာပေအနုပညာဘလော့ဂ်
http://thurathawah.myanmarbloggers.info

No comments:
Post a Comment